CRPH Logo
CRPH Donate Campaign

Support Myanmar, The People, CDM & CRPH

GoFundMe မှတစ်ဆင့် CRPH သို့ အားတက်သရော ပါဝင်လှူဒါန်းကြသူများအားလုံးကိုမြန်မာပြည်သူများကိုယ်စား CRPH မှ အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။

ယနေ့ မတ်လ ၃၀ ရက် မြန်မာစံတော်ချိန် မနက် ၂ နာရီတွင် GoFundMe ၏ ခရက်ဒစ်ကတ် ငွေပေးချေမှုများကို တာဝန်ယူ ဆောင်ရွက်လျှက်ရှိသော WePay company မှ တာဝန်ရှိသူများက အလှူခံရခြင်း၏ ရည်ရွယ်ချက်များကို တောင်းခံလာသဖြင့် CRPH မှ တာဝန်ရှိသူများက WePay company နှင့် တိုက်ရိုက်ဆက်သွယ်ပြီး စာရွက်စာတမ်းများ တင်ပြစစ်ဆေးခြင်းများ လုပ်ဆောင်နေပါသည်။

ဤသို့ စစ်ဆေးတင်ပြနေစဥ် စပ်ကြားတွင် အလှူရှင်များ လှူဒါန်းထားသော ငွေကြေးများအားလုံးကို တာဝန်ရှိသူများမှ စာရင်းအင်း ပြည့်စုံစွာ ကြီးကြပ်လျှက် ရှိပါသည်။ ဤဖြစ်စဥ်ကြောင့် ယနေ့လှူဒါန်းထားသော အလှူရှင်များအနေဖြင့် မိမိတို့ ဘဏ်ခရက်ဒစ်ကတ် စာရင်းမှ ငွေထွက်မသွားခြင်း သို့မဟုတ် ငွေပြန်ဝင်လာခြင်း စသည့် ဖြစ်ရပ်အချို့ ဖြစ်ပေါ်နိုင်ကြောင်း သိရပါသည်။

အလှူများကို ပုံမှန်အတိုင်း ပြန်လည်လက်ခံနိုင်ချိန်အထိ ဖြစ်စဥ်တိုးတက်မှုကို အချိန်နှင့် တပြေးညီ အလှူရှင်များကို အစီရင်ခံ တင်ပြသွားမည်ဖြစ်ပြီး အလှူရှင်များ အမြန်ဆုံး ဆက်လက် လှူဒါန်းနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း အသိပေးအပ်ပါသည်။ မြန်မာနိုင်ငံအရေးအတွက် အဖက်ဖက်မှ ပါဝင်ကူညီကြသူများအားလုံးကို ကျေးဇူးတင်ရှိပြီး လတ်တလော အဆင်မပြေမှုများအတွက် သည်းခံကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။